Wednesday - August 29 - 2018

ဒီမြို့မှာဒါတွေစားကြည့်မယ်

နိုင်ငံတကာကိုအလည်အပတ်သွားပြီဆိုရင် ဒေသထွက်အစားအစာတွေကိုမြည်းစမ်းကြည့်ဖို့ကလည်း အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်တစ်ခုပါ။ ကိုယ်မရောက်ဘူးသေးတဲ့ နိုင်ငံတွေဆိုရင် ဘယ်လိုအစားအသောက်တွေက အကောင်းဆုံးလည်းဆိုတာသိရအောင် OKMကနေ ဝေမျှပေးချင်ပါတယ်။
(၁)အင်္ဂလန်- ယူကေရောက်ရင်တော့ fish and chips ထက် သိုးသား၊ဝက်သားနဲ့ ပဲစိမ်းသီးနဲ့ရောစပ်စားရတဲ့ Steak & Kidney bean ကိုမြည်းစမ်းကြည့်သင့်ပါတယ်။
(၂)ပြင်သစ် -အခုနောက်ပိုင်း ဥရောပခရီးစဉ်တွေသွားတဲ့သူများလာတော့ ပြင်သစ်ရောက်ခဲ့ရင် ပေ့ါပေါ့အိအိ Macarons လေးတွေကိုမမေ့ပါနဲ့။ ပြင်သစ်ဆိုတဲ့အတိုင်း ဒီဇိုင်း၊ကာလာအနေအထားအမျိုးမျိုး၊ flavourအမျိုးမျိုးနဲ့မြည်းစမ်းနိုင်မှာပါ။
(၃)ဂရိ - ဒေါက်ခွရွက်ကို သိုးနို့ဒိန်ခဲနဲ့နှစ်ထားပြီး မုန့်နှစ်ဖုတ်ထားတဲ့ ခပ်စပ်စပ်အရသာ Spanakopita ဆိုတဲ့ အစားအစာတစ်မျိုးပါ။ ဂရိရဲ့အဓိက အစားအသောက်တစ်မျိုးဖြစ်တဲ့အပြင် ဂရိတစ်မြို့လုံးမှာ Spanakopitaကို လတ်လတ်ဆတ်ဆတ်နဲ့စားသုံးနိုင်ပါတယ်။
(၄)အီတလီ - ပီစာနဲ့ ပါစတာက အီတလီရဲ့ မပါမဖြစ်ဆိုရင် သံလွင်သီးလေးကိုလည်းမေ့လို့မရပါဘူး။သံလွင်သီးကြော်လို့ခေါ်တဲ့ ကြွပ်ကြွပ်ရွရွ မုန့့်ပွဲတွေကို လမ်းဘေးမှာပဲဝယ်စားဝယ်စား စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ် ဝယ်ယူနိုင်ပါတယ်။
(၅)ဂျပန် - ဂျပန်ဆိုခေါက်ဆွဲပဲပေါ့နော်။ နူးညံတဲ့ခေါက်ဆွဲသားရယ်၊ အလယ်ကအနှစ်မကျက်တကျက်ကြက်ဥရယ်၊ ပဲငံပြာရည်၊ မီဆို ပေါင်းစပ်ထားတဲ့ ခေါက်ဆွဲတစ်ပွဲကိုစားသုံးရင်း ဂျပန်ရဲ့ချယ်ရီပန်း အလှလေးကိုခံစားကြည့်လိုက်ပါ။
(၆)တောင်အာဖရိက- အမဲသား၊ ငှက်ကုလားအုတ် အသားခြောက်တွေအများစုရရှိပါတယ်။ အသားခြောက်မျိုးစုံကို snack တစ်ခုအနေနဲ့ စားသုံးကြပါတယ်။
(၇)တောင်ကိုရီးယား- ကိုရီးယားရောက်ရင်တော့ စားစရာတွေအများကြီးထဲက Bulgogi ကိုတော့မထားခဲ့ပါနဲ့။ အသားတွေကို ဟင်းခေတ်အမွေးအကြိုင်မျိုးစုံနဲ့ကြော်ထားတဲ့ အသားကြော်တစ်မျိုးပါ။ ခပ်ချိုချိုအရသာရှိပါတယ်တဲ့။
(၈)ဆွစ်ဇာလန်- ဆွစ်နဲ့ ချောကလတ်ဆိုတာခွဲခြားလို့မရတဲ့အခါပါနော်။
(၉)ဘန်ကောက်- ဘန်ကောက်လို့ပြောလိုက်ရင် အားလုံးပြောကြမှာက အုန်းနို့နိုင်နိုင်နဲ့ရောထားတဲ့ ခပ်ချိုချိုစပ်စပ် တုံယမ်းတစ်ခွက်ပါ။
(၁၀)ဗီယက်နမ်- ဖြိုလို့ခေါ်တဲ့ ဗီယက်နမ်ခေါက်ဆွဲက အခုနောက်ပိုင်းလူကြိုက်တော်တော်များလာပြီဆိုတော့ ဖြိုလေးကိုလည်း မြည်းကြည့်လိုက်ပါဦးနော်